Facebook က သူ့ရဲ့ AI စွမ်းဆောင်ရည်မြှင့်တင်ဖို့ Scale AI CEO, Alexandr Wang ကို ငှမ်းရမ်းခဲ့

Published By : Education Myanmar

Published On :

Scale AI က Meta အတွက် အရေးပါမှု

Image

Meta ( ယခင် Facebook ) company သည် သူ့ရဲ့ Meta AI Assitant လို့ခေါ်တဲ့ AI စွမ်း‌ဆောင်ရည်မြှင့်တင်ဖို့ Scale AI ရဲ့ 49% ရှယ်ယာကို မကြာခင်က ဝယ်ယူခဲ့ပါတယ်။ Meta AI Assitant သည် ပြိုင်ဘက်တွေဖြစ်တဲ့ OpenAi ရဲ့ ChatGpt,Microsoft ရဲ့ Capilot, Google ရဲ့ Gemini တွေနဲ့ ယှဉ်လျှင် စွမ်းဆောင်ရည် နိမ့်ကျရုံသာမက လူထု စိတ်ဝင်းစားမှုလည်း နည်းပါးခဲ့သလို၊ အသုံးပြုသူလည်းနည်းပါးခဲ့ပါတယ်။ နည်းပညာ Company ကြီးတွေဟာ AI နဲ့ပတ်သက်လာရင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံတာတွေ လုပ်တာ မကြာခင် နှစ်တွေကတည်းက သိသာလာခဲ့ပါပီ။ မကြာခင်နှစ်ကတည်းက AI ရဲ့ စိတ်ဝင်စားမှုတွေ တဟုတ်ထုတ် တိုးလာတာကြောင်း AI တွေလေ့ကျင့်တဲ့နေရာမှာ သုံးတဲ့ Chips တွေကို ထုတ်လုပ်ပေးတဲ့ Nvidia company ဟာလည်း ကမ္ဘာ့တန်ဖို့အရှိဆုံး company အဖြစ်ရည်တည်လာခဲ့ပါတယ်။ ဒါတင်မကဘဲ Nvidia company က အလုပ်သမားတွေဟာ သူတို့ရဲ့ Company ရှယ်ယာကတဆင့် ခုဆိုရင် Millionaire တွေ ဖြစ်လာကြပါပီ။ ဒီလို AI နယ်ပယ်မှာ အပြိင်အဆိုင် နည်းပညာတွေ မြှင့်တင်နေချိန်မှာ နောက်ကျကြာခဲ့တဲ့ Meta AI ဟာ သူတို့နဲ့ ပြိုင်ဆိုင်နိုင်ဖို့ Scale AI ရဲ့ 49% ရှယ်ယာကို $14.3 Billion နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဆိုလိုတာက Scale AI ရဲ့နည်းပညာကို Meta AI လေ့ကျင့်တဲ့နေရာမှာ အသုံးပြုမှာ ဖြစ်ပီး Meta AI ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ အပေးအယူရဲ့ သ‌ဘောတူညီချက်အရ CEO Alexandr Wang ဟာ Scale AI ကို ထွက်ခွာရမှာ ဖြစ်ပီး Meta AI မှာ ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။

Scale AI ကို ၂၀၁၆ မှာ Alexandr Wang က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Mr.Wang ဟာ Lucy Guo နဲ့အတူ Scale AI ကို စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့်၊ နောက်ပိုင်းမှာ Lucy Guo ဟာ Mr.Wang နဲ့ Scale AI ရဲ့ Design ပိုင်းနှင့် Company အနာဂတ်အတွက် အကြံညာပိုင်းမှာ သဘောထားမတူညီမှုကြောင့် Company ကနေ 2016 မှာ ဘဲ ထွက်သွားခဲ့ပါတယ်။ Scale AI ဟာ တခြား AI company တွေအတွက် AI လေ့ကျင့်တဲ့ နေရာမှာ အရေးပါသော company တခုဖြစ်ပါတယ်။ AI လေ့ကျင့်တဲ့ နေရာမှာ စွမ်းဆောင်ရည်တွေ ကောင်းဖို့ လိုအပ်တဲ့ အချက်အလက် ( data ) ၊ လိုအပ်တဲ့ ပစ္စည်း ( tools ) နဲ့ လိုအပ်တဲ့ ဝန်ဆောင်မှု (services) တွေကို ကြီးမားတဲ့ နည်းပညာ Company ကြီးတွေကို ထောက်ပပေးတဲ့ Company တခုဖြစ်ပီး Meta က ရှယ်ယာ မဝယ်ခင်မှာ တန်ဖိုးအားဖြင်း အမေရိကန် ဒေါ်လာ $13.8 Billion တန်ဖို့ ရှိပါသည်။ Microsoft, OpenAi, Google တို့လို နည်းပညာ companyကြီးတွေ AI စွမ်းဆောင်ရည်း စမ်းသမ်းတဲ့ နေရာမှာ Scale AIကိုဘဲ အဓိက အားကိုးရတာဖြစ်ပါတယ်။ Scale AI ဟာ AI Company တွေအတွက် သာမက အစိုးရ စစ်သားငှာန အတွက် စစ်ရေးနေရာမှာ ဝန်ဆောင်မှု ပေးတဲ့ Company လည်းဖြစ်ပါတယ်။ ဉပမာ - US စစ်သားအတွက် Drone၊ စစ်သင့်ဘော၊ ဒါတွေမကဘဲ ရန်သူနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အရင်က အချက်အလက်တွေအပေါ်မူတည်ပီး မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ချပေးခြင်း စတာတွေ လုပ်ဆောင်ပေးပါတယ်။ Drone ကတဆင့် တင်းကား၊ လူသား၊ တိုက်လေယာဉ် စတာတွေ လွယ်လွယ်နဲ့ ခွဲခြားလို့ ရအောင် ကူညီပေးပါတယ်။

Alexandr Wang ဆိုတာ ဘယ်သူလဲ?။

Alexandr Wangကို 1997 မှာ မွေးဖွားခဲ့တာဖြစ်ပီး၊ သူ့မိဘတွေဟာ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ တရုတ်နွယ်ဖွား မိဘတွေဖြစ်ပါတယ်။ မိဘနှပါးစလုံးဟာ ရူပဗေဒ ပညာရှင်တွေ ဖြစ်ကြပီး လုံခြုံရေးအရမ်းမြင့်မားတဲ့ New Mexico က အမေရိကန် အစိုးရငှာန Los Alamos National Laboratory မှာ အလုပ်လုပ်တဲ့သူတွေ ဖြစ်ကြပါတယ်။ Mr. Wangဟာ ကမ္ဘာ့အ‌ကောင်းဆုံး နည်းပညာ တက္က်သိုလ်ဖြစ်တဲ့ အမေရိကန် တက္ကသိုလ် MIT ( Massachusetts Institute of Technology ) မှာ သင်ချာ နဲ့ Computer နည်းပညာ ( Math and Computer Science )ကိုသင်ယူခဲ့ပါသည်။ သို့သော် သူ့ရဲ့ AI ပိုင်းမှာ စိတ်ဝင်စားမှုကြောင့် ကျောင်းမပီဘဲ ကျောင်းကနေ ထွက်ခဲ့ပါသည်။ ကျောင်းထွက်အပီး Company ငယ်တွေကို ထောက်ပပေးတဲ့ Y Combinator ကတဆင့် Scale AI ကို 2016 မှာ စတင်တည်ထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ချိန်မှာ သူက အသက် ၁၉ နှစ်သာ ရှိသေးတယ်။ အခုဆိုရင် အသက်က ၂၈ နှစ်ရှိပီဖြစ်ပီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ‌ဒေါ်လာ $ 1 Billion ကျော်လာပီး ကမ္ဘားအသက်အငယ်ဆုံး self-made Billionaires အဖြစ် မှတ်သားတင် စာရင်းဝင်ခဲ့ပါသည်။ ဒါတင်မကဘဲ AI နယ်ပယ်မှာ ပညာအရှိဆုံး ၊ အသက်အငယ်ဆုံး တယောက်ဖြစ်ပီး၊ လူကြိုက်အများဆုံး ပညာရှင်သာမက ကမ္ဘ့ာခေါင်းဆောင်တိုင်းက လေးစားခြင်းခံရတဲ့ ပညာရှင်တယောက်ဖြစ်ပါသည်။ ဒါတင်မကဘဲ Forbes 30 Under 30 စာရင်းမှာ နာမည်တွင်ခံရတာ ဖြစ်ီပီး နည်းပညာကြီးတွေ Conference သော်ငှင်း၊ တွေ့ဆုံပွဲမှာ ငှင်း စကားပြောဖို့ ဖိတ်ကြားခံရသူလည်း ဖြစ်ပါတယ်။

All Rights Reserved.

©2025 Education Myanmar