Graduation Ceremony 2025

Are you planning to study abroad in 2025?

Award Amount : Not applicable

Deadline : Not applicable

Award Amount : Not applicable

Deadline : Not applicable

Author Details

: George Aamih
: Founder Of Education Myanmar
: 8 minutes read
: 7/16/2025, 12:08:28 AM

Highlights

  • Country

    :

    Any Country

  • University

    :

    Not applicable

  • Amount

    :

    Not applicable

  • Pragramme

    :

    Diploma, Undergraduate, Master, PhD

  • Requirement

    :

    Matriculation Exam, GED, etc..

  • Duration

    :

    Not applicable

  • Alumni (Burmese)

    :

    Not applicable

  • Deadline

    :

    Not applicable

Study Abroad in 2025, Education Myanmar

Study Abroad in 2025, Education Myanmar

How to prepare for Scholarships in 2025?

2025မှာ နိုင်ငံခြားမှာ ပညာသင်ဖို့ စဉ်းသားနေပါသလား?။ ဒါဆိုရင်တော့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ သိထားမှ ရမယ်နော်။

နိုင်ငံခြားပညာသင်ခြင်းသည် ရှည်လျှားသော လမ်းခရီးအပေါ် ခရီသွားတာနဲ့တူပီး ငွေလည်းကုန်ကျတာများသလို၊ လူကိုလည်း ပင်ပန်းနွမ်းနွယ်စေသည်။

သို့သော် ဒီPageမှာ အဲလိုမဖြစ်အောင် ကြိုတင် ပြင်ဆင်ရမည်းအချက်အလက်တွေိကု ကျွန်တော်သိသလောက် မျှဝေပေးမှာ ဖြစ်ပါသည်။ ဒီ Pageက ပြောထားတဲ့အရာတွေကို လိုက်နာရင် အချိန်အများကြီး

သက်သာမှာ ဖြစ်ပီး၊ ကုန်ကျရမယ့် ငွေလည်း ပို၍ ချွေသာနိုင်မယ်လို ယုံကြည်ပါသည်။

ကြိုတင်ပြင်ဆင်ရမယ့် အများကြီးထဲမှာမှ အဓိက( မဖြစ်မနေ ) လိုအပ်တဲ့ အရာတွေကို အောက်မှာ အတိုချုပ်အားဖြင့် ဖော်ပြထားပါသည်။

  1. ကိုယ့်ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်ခြင်း။

  2. ကိုယ်ကြိက်တဲ့ ဘာသာရပ်ကို အရင်ဆုံးဖြတ်ခြင်း။

  3. ပညာသင်ယူစဉ် ကုန်ကျစရိတ်နဲ့ ကျောင်းက ထောက်ပံ့ကြေး ပေးခြင်း ရှိမရှိ စုံစမ်းခြင်း။

  4. Passport ပြုလုပ်ခြင်း။

  5. IELTS Exam ( International English Language Testing System ) ကို ဖြေဆိုခြင်း။

  6. အရင်ကျောင်းက စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ ပညာရေးငှာန ဆီက တောင်းဆိုခြင်း။

  7. အရင်ကျောင်းက စာရွက်စာတမ်း ( အောင်လက်မှတ် ) တွေကို ( Notary ) နိုတြိံ ပြန်ခြင်း။

အ‌ပေါ်က ပြထားတဲ့ အရာတွေကို အဓိက ပြင်ဆင်ရမှာဖြစ်ပီး အောက်မှာလည်း တခုချင်းစီအချက်အတွက် အသေးစိတ် ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါသည်။

( 1 ) ကိုယ့်ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်ခြင်း။

ကိုယ့်ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်ခြင်းသည် အဓိက အရေးကြီးဆုံးအရာ ဖြစ်သည်။ ကျောင်းသားအများစုသည် ကိုယ့်ပညာအရည်အချင်းနဲ့

ကိုက်ညီတဲ့ ကျောင်းကို မရွေးချယ်ခြင်းကြောင့် သူတို့ရည်မှန်းထားတဲ့အတိုင်း Admission Result ကို မရကြဘူး။ ဒုတိယ သိထားရမည့် အရာမှာ နိုင်ငံတစ်ခုနဲ့ တစ်ခု

ပညာရေးစနစ် မတူညီခြင်းကို ကျောင်းသား အများစုက လစ်လျှုရှုခြင်းသည်လည်း သူတို့ ကျောင်းတက်ခွင့်မရတာလည်း ဖြစ်သည်။ ( ဉပမာ - မြန်မာ ပညာရေးစနစ်သည် နိုင်ငံတကာ

ပညာရေးစနစ်နဲ့ ယှဉ်လျှင် မတူသည် သာမက နိမ်ကျတဲ့ ပညာရေးစနစ် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားက တက္ကသိုလ်အများစုသည် မြန်မာကျောင်းသားတွေဆိုရင် ဘွဲကြိုအတန်း ( Undergraduate )ကို ဆယ်တန်း‌အောင်ယုံနဲ့ တိုက်ရိုက်တက်ဖို့ လက်မခံကြဘဲ

မြန်မာနိုင်ငံ တက္ကသိုလ်က ဘွဲကြိုအတန်း ( Undergraduate ) ပထမနှစ်ပီးမှ လက်ခံကြသည်။

အကြောင်းမှာ သူတို့နိင်ငံမှာ တက္ကသိုလ်စတက်ဖို့ အထက်တန်းကျောင်း ( Secondary School ) ကို Grade - 12th အထိတက်ရတာဖြစ်ပီး၊ မြန်မာနိုင်ငံမှာမူ

ဆယ်တန်းအထိ တက်ပီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ( Matriculation Exam ) ကို ဖြေဆိုကာ အောင်လျှင် ကိုယ့်ရတဲ့ အမှတ်ပေါ်မူတည်ပီး တက္ကသိုလ်စတက်ရတာဖြစ်သည်။

သို့သော် အခုနောက်ပိုင်းတွင် ပညာရေးစနစ်ပြောင်းလဲခြင်းကြောင်း မြန်မာနိုင်ငံမှာလည်း Grade -12th အထိတက်ပီးမှာသာ တက္ကသိုလ်ကို စတက်ရမှာ ဖြစ်သည်။

မြန်မာနိုင်ငံက ကျောင်းသားတွေလည်း နိုင်ငံခြင်းမှာ ကျောင်းတက်နေတဲ့သူတွေ အများကြီးရှိပါသည်။ သို့သော် သူတို့လည်း အပေါ်က ပြောထားတဲ့အချက်တွေကို မကျော်သွားဘဲ

တခုချင်းဆီပီးမှ သူတို့လည်း ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ရတာ ဖြစ်သည်။ တချို့ကျောင်းသားတွေဆိုရင် Foundation Programme

လို့ခေါ်တဲ့ ပညာရေးစနစ်ပိုနိမ့်တဲ့ နိုင်ငံက ကျောင်းသားတွေအတွက် သီးသန့်ဖွင့်ထားတဲ့ အတန်းကို အဲနိုင်ငံခြားက တက္ကသိုလ်မှာ အရင်တက်ပီးမှ ဘွဲကြိုအတန်း ( Undergraduate Programme )

ကို တက်ရတာဖြစ်သည်။ အကြောင်းမှာ နိုင်ငံ တနိင်ငံနဲ့ တနိုင်ငံ ပညာရေးစနစ်မတူညီခြင်းကြောင်းနဲ့ Undergraduate အတန်းမှာ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေမရှိအောင်ဆိုပီး

Foundation Programmeကို အဲရည်ရွယ်ချက်နဲ့ ဖွင့်ပေးတာဖြစ်ပီး နိုင်ငံခြားက တက္ကသိုလ်အများစုကနေလည်း အဲအတန်းကို ဖွင့်ပေးတာဖြစ်ပါသည်။ အပေါ်က အချက်

တွေကြောင့် ကိုယ်ပညာရေးနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်ရခြင်းသည် အလွန်အရေးပါသော အချက်ဖြစ်ပီး ကျောင်းသားအများစု လစ်လျှုရှုထားတဲ့ အချက်လည်းဖြစ်ပါသည်။

အဲဒါကြောင့် တက်ချင်တဲ့ တက္ကသိုလ်ကို ရှာတဲ့အခါ ဒီအချက်ကို စိတ်ထဲထားဖို့ အကြံပေးချင်ပါတယ်။ ဒါတွေမကဘဲ တက္ကသိုလ်ရှာလို့ပီးလို့ တက်မယ့် ဘာသာရပ် ရွေးချယ်တဲ့အခါမှာ

အမှားတွေ မပါအောင် ‌အောက်က ပြောထားတဲ့ အချက်တွေကို လက်ဖက် ဖတ်ပေးပါနော်။ Fighting.

( 2 ) ကိုယ်ကြိက်တဲ့ ဘာသာရပ်ကို အရင်ဆုံးဖြတ်ခြင်း။

ကိုယ်တက်မဲ့ ဘာသာရပ်ရွေးချယ်ခြင်းသည် ကိုယ်တယောက်တည်းနဲ့သာ သက်ဆိုင်ပီး၊ ကိုယ်စိတ်ဝင်စားမှု၊ ကိုယ်ဝါသနာပါမှု၊ အနာဂတ်မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်

တွေနဲ့လည်း အဓိက သက်ဆိုင်သည်။ ကျောင်းသားအများစုက သူတို့ရဲ့စိတ်ဝင်စားမှုသာမက အနာဂတ်မှာ Company အများစုက လိုချင်တဲ့ အလုပ်နေရာရာထူးကို ကြည့်ပီးလည်း

ရွေးချယ်တတ်ကြသည်။ ( ဉပမာ - အရင်နှစ်တွေက အနောက်နိုင်ငံ UK, USA စတို့ နိုင်ငံကြီးတွေမှာ ရှိတဲ့ Apple, Microsoft, Google, Facebook,

စသည် Company အများစုသည် Software Engineering အလုပ်နေရာ ရာထူးကို အများစု ငှမ်းရမ်းတာဖြစ်တဲ့အတွက်ကြောင်း Computer Science,

Software Engineer စသည် ဘာသာရပ်ကို လူတိုင်းက စိတ်ဝင်စားတာဖြစ်ပီး၊ ကျောင်းသားအများစုလည်း အဲဘာသာရပ်ကို တက်ကြတာဖြစ်သည်။ ဒါတွေတင်မကဘဲ

ဒီအလုပ်ဟာ လစာ အကောင်းဆုံးတွေထဲက အလုပ်ဖြစ်သည်။

ပုံမှန် Software Engineer တယောက်ရဲ့ လစာစာ ဆိုရင် တနှစ်ကို ဒေါ်လာ $140,000

ဖြစ်ပီး မြန်မာငွေနဲ့ဆိုရင် တနှစ်ကို ခုငွေလဲနှုန်းနဲ့ဆိုရင် ကျပ်သန်းပေါင်း ၅၀၄ သန်း ( ၅၀၄,၀၀၀, ၀၀၀ ) ရရှိရမှာဖြစ်သည်။ သို့သော် 2022 ကစလို့ AI တွေရဲ့

စိတ်ဝင်စားမှု တိုးတက်လာမှုနဲ့ သူတို့ရဲ့ လုပ်ဆောင်ရည် တိုးတက်မှုကြောင့် Company အများစုအတွက် အရေးပါတဲ့ Computer ပိုင်းဆိုင်ရာအလုပ်တွေကို AI

တွေနဲ့ အစထုတ်မှုကြောင့် Software Engineer အများစုက အလုပ်လက်မဲ့တွေ ဖြစ်လာကာ အဲဘာသာရပ်ကို ကျောင်းသားအများစုရဲ့ စိတ်ဝင်စားမှုကနေလည်း လျှောကျလာသည်။

အဲဒါကြောင့် ကိုယ်တက်မဲ့ ဘာသာရပ်ကို ရွေးချယ်တဲ့အခါ၊ ကိုယ်စိတ်ဝင်စားမှုသာမက အနာဂတ်မှု ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကျောင်းပီးလို့ ကိုယ်ပီးထားတဲ့ ဘာသာရပ်ရဲ့ အလုပ်စျေးကွက်ကို

ကြည့်ပီးလည်း ရွေးချယ်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

( 3 ) ပညာသင်ယူစဉ် ကုန်ကျစရိတ်နဲ့ ကျောင်းက ထောက်ပံ့ကြေး ပေးခြင်း ရှိမရှိ စုံစမ်းခြင်း။

ကျောင်းတက်စဉ် ကုန်ကျစရိတ်သည်လည်း ကျောင်းမလျှောက်ခင် စဉ်းစားရမယ့်အချက်ဖြစ်ပါသည်။ ပုံမှန်အားဖြစ် နိုင်ငံခြားမှာ ကျောင်းတက်ခြင်းသည် ကုန်ကျစရိတ်အလွန်များ၍

ကျောင်းလခတွေက စျေးကြီးသလို အသုံးစရိတ်တွေလည်း အကုန်အကျများပါသည်။ ပျမ်းမျှအားဖြင့် Europe နိုင်ငံတွေမှာဆိုရင် ကျောင်းလခအတွက် အနည်းဆုံး ဒေါ်လာ$ 10,000

ကျော် ပြင်ဆင်ရမှာ ဖြစ်ပီး ကိုယ့် Personal အသုံးစရိတ်နဲ့ အဆောင်နေစရိတ်အတွက် အများဆုံး $1500 ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါသည်။ သို့သော် ဒါတွေက ခန့်မှန်းချက်တွေသာ ဖြစ်ပီး

ကျောင်းလခတွေဟာ ကိုယ်တက်မယ့် နိုင်ငံ၊ ကျောင်းနဲ့ ဘာသာရပ်တွေ အပေါ်မူတည်ပီး ကွဲပြားမှာလည်း ဖြစ်သလို ကိုယ့် Personal အသုံးစရိတ်တွေလည်း ဒါတွေအပေါ်မူတည်ပီး ကုန်ကျမှာလည်း ဖြစ်ပါသည်။

သို့သော် တက္ကသိုလ်အများစုမှာ Scholarship လိုခေါ်တဲ့ ပညာသင်ထောက်ပံ့ကြေးကို ပေးတာဖြစ်ပီး ကျောင်းသားအများစုလည်း ဒါတွေကို အားထားကာ ကျောင်းတက်ကြတာ ဖြစ်ပါသည်။

ဒီ Scholarshipသည် ငွေရေးကြေးရေး မတတ်နိုင်တဲ့ ကျောင်းသားတွေအတွက်သာမက ထူးချွန်တဲ့ကျောင်းသားတွေအတွက် ထောက်ပံ့ပေးတာလည်း ဖြစ်ပါသည်။ သို့သော်

ကျောင်းသားတိုင်းကို ပေးတာမဟုတ်ဘဲ ထူးချွန်တဲ့ကျောင်းသားတွေနဲ့ ငွေရေးကြေးရေး မတတ်နိုင်တဲ့ ကျောင်းသားတွေကို အဓိက ပေးတာဖြစ်ပါသည်။ ဒါကြောင့် Scholarship

ရရှိဖို့သည် ခက်ခဲတဲ့အရာလည်းဖြစ်ပါသည်။ Scholarship မှာ Full Scholarship နဲ့ Partial Scholarship ဆိုပီး နှမျိုးခွဲခြားတာဖြစ်ပီး Full Scholarship မှာလည်း

Full Tuition Fee scholarship ဆိုပီး ကျောင်းစရိတ်ကိုသာ ပေးတဲ့ Scholaship နဲ့ ကျောင်းစရိတ်သာမက ကျောင်းတက်စဉ် အဆောင်နေခ၊ စားစရိတ်၊

နဲ့ တခြား အတန်းနဲ့ ပတ်သက်တဲ့ နေရာမှာသုံးဖို့အထိ ထောက်ပံ့တဲ့ ဆိုပီး Scholarship ဆိုပီးလည်းရှိပါသည်။ Partial Scholarshipက ကြတော့ ရာခိုင်းနှုန်းနဲ့သာ ပေးပီး

ကျန်တဲ့ဟာတွေကို ကိုယ်ဟာကို ပေးမှာဖြစ်ပါသည်။ ( ဉပမာ - 30%, 50%, 75%, ဆိုပီးထောက်ပံ့ပေးထားပါသည်။ သို့သော် ဒါတွေက ကျောင်းလခရဲ့ ရာခိုင်နှုန်းသာဖြစ်ပီး

ကျောင်းတက်စဉ် ကျန်တဲ့ အသုံးစရိတ်တွေကိုတော့ ကိုယ်ဟာကို ပေးရမှာ ဖြစ်ပါသည်။ ) ။ ဒါတွေအားလုံး သိနိုင်ဖို့ ကျောင်းက တရားဝင် Websiteမှာ ကြည့်ဖို့လည်း အရေးကြီးပါသည်။ ဒါတွေက ကျောင်းကနေ တိုက်ရိုက်ပေးတဲ့ Scholarship တွေဖြစ်ပီး၊

အပြင်ကနေ NGO တွေကနေလည်း သန့်သန့်ပေးတဲ့ ထောက်ပံ့ကြေးတွေလည်း အများကြီးရှိပါသည်။ သို့သော် ဒါတွေကိုရရှိဖို့ ကိုယ်ဟာကို ရှာဖွေရမှာ ဖြစ်ပီး၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေလည်း အဖွဲ့အစည်းတွေပေါ်မူတည်ပီး ကွဲပြားမယ် ဖြစ်ပါသည်။

ဒီလိုအချက်အလက်တွေကြောင့် ပညာသင်ယူစဉ် ကုန်ကျစရိတ်ကို ကြိုတင်တွဲချက်ခြင်းသည် အလွန်အရေးပါသည်။ ကျောင်းလျှောက်စဉ် ကိုယ်လျှောက်နေတဲ့ ကျောင်းကနေ Scholarship ပေးမပေး ကြိုတင်စုံစမ်းဖို့လည်း အကြံပေးချင်ပါတယ် ခဗျ။

( 4 ) Passport ပြုလုပ်ခြင်း။

Image of Travelling Passport

Image of Travelling Passport

ခုခေတ်လူငယ် အများစုသည် Passport လို့ပြောရင် အထင်မှတ်တတ်ကြသည်။ ခုပြောမယ့်အကြောင်းသည် လူပုံပါသည့် passport မျိုးမဟုတ်ဘဲ၊ နိုင်ငံသားတယောက်က တခြားနိုင်ငံကို သွားတဲ့အခါ နိင်ငံတကာလက်ခံတဲ့ ကိုယ်ရဲ့မှတ်ပုံတင် ( Passport ) အကြောင်းကို ဆက်လက်ပြောပြမှာ ဖြစ်ပါသည်။ ကျောင်းသားတယောက်လည်း နိုင်ငံခြား ပညာသွားသင်ဖို့ Passport လည်းလိုအပ်ပါသည်။ သို့သော် Passport အများကြီးထဲမှာမှ PV ( Passport Visit ) နဲ့ PS ( Passport Student ) ကို ပြုလုပ်ရမှာ ဖြစ်ပီး PV ကကျောင်းသား အများစုအတွက် ပိုပီးသင့်တော်သည်။ တို့မြန်မာနိုင်ငံမှာ Passport ကို လ.ဝ.က ငှာနက တဆင့် ပြုလုပ်ရမှာ ဖြစ်ပီး သူတို့ သတ်မှတ်ထားတဲ့နေရာနဲ့ ရုံးတွေမှာသာ ပြုလုပ်လို့ရပါမည်ဖြစ်ပါသည်။ သို့သော် ပြည်နယ်တစ်ခုစီမှာ အနည်းဆုံး ရုံးတရုံးဆီတော့ရှိပါတယ်။ ပြုလုပ်ခအားဖြင့် အများဆုံး ၂ သိန်းအထိကုန်ကျတတ်ပီး Passport ရရှိဖို့ အများဆုံး သတင်းသပတ် ၄ ပတ်အထိ စောင့်ရမှာဖြစ်ပါသည်။ အဲဒါကြောင့် အရင်ဆုံး Passport ကို လုပ်ဖို့ အကြံပေးချင်ပါတယ်။ ဒီ passport သည် နိုင်ငံခြားသွားဖို့ အတွက်သာ မဟုတ်ဘဲ ပြည်တွင်းမှာလည်း ကျောင်းသားတယောက်အတွက် စာရွက်စာတမ်း ပြင်ဆင်တဲ့ နေရာမှာ အလွန်အ‌ရေးပါသည်။ ( ဉပမာ - ကျောင်းအတွက် လိုအပ်တဲ့ IELTS ဖြေတဲ့နေရာမှာ ကိုယ့် passport ကို လိုအပ်ခြင်း၊ NGO တွေမှာ Scholarship လျှောက်လျှင် Passport ကိုလိုအပ်ခြင်း၊ နိုင်ငံခြားမထွက်ခင် ကိုယ်လျှောက်မယ့် ကျောင်းရဲ့ Admission အတွက် Passport ကို မဖြစ်မနေလိုအပ်ခြင်း။)။ Passport ပြုလုပ်ဖို့ ကိုယ်ရဲ့ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်း၊ မိဘမှတ်ပုံတင် မိတ်တူ စသည်စာရွက်စာတမ်းများလိုအပ်ပါသည်။ အဲဒါကြောင့် Passport ကို စောနိင်သမျှ စောပီး အရင်ဆုံး အမြန်ပြုလုပ်စေချင်ပါတယ်။

( 5 ) IELTS Exam ( International English Language Testing System ) ကို ဖြေဆိုခြင်း။

IELTS သည် ကျောင်းသားတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် စာရွက်စာတမ်းဖြစ်သည်။ IELTS သည် ကျောင်းသားတယောက် ၏ English စကားပြောဆိုနိုင်စွမ်းကို အကဲဖြတ်တဲ့ စာရွက်စာတမ်းဖြစ်ပီး၊ ကိုယ်လျှောက်မယ့် ကျောင်းက မဟုတ်ဘဲ British Council လို့ခေါ်တဲ့ IELTS ကို ပိုင်ဆိုင်တဲ့ UK Company

ရုံးခွဲကတဆင့် ဖြေဆိုရမှာ ဖြစ်ပီး၊ ဖြေဆိုခအနေနဲ့ ဒေါ်လာ $200 ကျော်ပေးရမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း ရုံးခွဲတွေရှိကာ ဖြေဆိုဖို့ ရက်ချိန်းဖို့ရန် British Council ရဲ့ တရားဝင် Website ကတဆင့် စာရင်းသွင်း၊ ပိုက်ဆံပေးပီးမှ ဖြေဆိုနိုင်မည်ဖြစ်သည်။ General IELTS နဲ့ Academic IELTS ဆိုပီး နှမျိုးထဲမှာမှ

Academic IELTS ကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါသည်။

မေးခွန်းအနေနဲ့ English စကားတတ်မြောက်နိုင်စွမ်းကို အကဲဖြတ်သည့် စာမေးပွဲသာဖြစ်သည့်အတွက် ကျောင်းကမဟုတ်ဘဲ၊ Speaking, Reading, Listening, Writing ဆိုပီး လေးမျိုးခွဲ မေးမှာ ဖြစ်ပါသည်။ Speaking အတွက် သူမေးချင်တဲ့ မေးခွန်း

တခုကို ခေါင်းစဉ်တပ်ပီး မေးမှာ ဖြစ်သလို၊ Reading သည်လည်း ဖတ်ရမည့် paragraph ပေးထားကာ အဲထဲက မေးတဲ့ မေးခွန်းတွေကို ဖြေဆိုရမှာ ဖြစ်ပါသည်။ Listening အတွက် လူနှယောက်က စကားစမြင်ပြောတာကို နားထောင်ကာ သူကွက်လပ်ချန်ထားတဲ့ဟာတွေကို ဖြည့်ရမှာ ဖြစ်ပါသည်။ Writing အတွက်

ဆယ်တန်းတုန်းက ထောက်ခံနဲ့ မထောက်ခံ မေးခွန်းလိုဘဲ သူပေးထားတဲ့ ခေါင်းစဉ်တခုကို ကိုယ်‌ထောက်ခံနဲ့ မထောက်ခံကြောင်း‌ရေးရမှာ ဖြစ်ပါသည်။ ဒုတိယမေးခွန်းအနေနဲ့ သူပေးထားတဲ့ ဇယားကို ကြည့်ကာ စာနဲ့ အချက်အလက်တွေကို အတိုချုပ်ဖော်ပြပေးရမှာ ဖြစ်ပါသည်။ မေးခွန်းအားလုံးကို English လိုဖြေရမှာ ဖြစ်ပီး ကိုယ်ရဲ့အဖြေမှန်မှု

Grammar ကျွမ်းကျင်မှု အပေါ်မူတည်ပီး အမှတ်ပေါင်း ၉ ထဲက ကိုယ်နဲ့ ကိုက်ညီတဲ့ အမှတ်ကို ရရှိမှာဖြစ်ပါသည်။ နိုင်ငံတကာ တက္ကသိုလ်အများစုသည် IELTS အမှတ်ပေါင်း ၅.၅မှတ်ကစလို့ အများအားဖြင့် လက်ခံလာကြသည်။ IELTS သည် နိုင်ငံခြားကို ကျောင်းသွားတက်မယ့် ကျောင်းသားတယောက်အတွက် မဖြစ်မနေ လိုအပ်တဲ့

စာရွက်စာတမ်းဖြစ်ကာ ဖြေကိုဖြေရမည့် စာမေးပွဲလည်းဖြစ်ပါသည်။ တချို့တက္ကသိုလ်ဆိုရင် IELTS အမှတ်ပေါ်မူတည်ပီး Scholarship ပေးတာ၊ Admission ပေးတာတွေလည်းရှိပါသည်။ နိုင်ငံတကာ ကျောင်းသားအများစုသည် IELTS အမှတ်ကောင်းရရှိဖို့ အများအားဖြင့် အနည်းဆုံး ၃လ ကြိုတင်ပြင်ဆင်ပြီးမှာ အဲစာမေးပွဲကို ဖြေဆိုကြသည်။

( 6 ) အရင်ကျောင်းက စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ ပညာရေးငှာန ဆီက တောင်းဆိုခြင်း။

ဒီအချက်သည် အလွန်အရေးပါသော အချက်ဖြစ်သည်။ တို့မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်လက်မှတ်ကို ရန်ကုန်က စာစစ်ငှာနရုံးမှာ အများအားဖြင့် တောင်းဆိုရတာဖြစ်တဲ့အတွက်ကြောင့် နောက်ကျတာတွေမဖြစ်အောင် ကြိုတင်ပြင်ဆင် တောင်းဆိုရမှာဖြစ်ပါသည်။ တက္ကသိုလ်တက်နေတဲ့သူတွေအတွက်ကတော့ ကိုယ့်တက်နေတဲ့ တက္ကသိုလ်အသီးသီးဆီက တိုက်ရိုက်တောင်းဆိုလို့ ရမှာဖြစ်ပါသည်။ တချို့ကျောင်းသားတွေဆိုရင် ရုံးရှိတဲ့‌နေရာကို ကိုယ်တိုင်မလာနိုင်တဲ့အတွက်ကြောင့် အောင်လက်မှတ်၊ အမှတ်စာရင်းစသည် စာရွက်စာတမ်းကို ကိုယ်စားထုတ်ယူပေးတဲ့ အေးဂျင်းကတဆင့် ဝန်ဆောင်ခတွေပေးကာ ထုတ်ယူလေ့ရှိကြပါသည်။

( 7 ) အရင်ကျောင်းက စာရွက်စာတမ်း ( အောင်လက်မှတ် ) တွေကို ( Notary ) နိုတြိံ ပြန်ခြင်း။

နိုတြိံ ( Notary ) ပြန်ခြင်းဆိုသည်မှာ ကိုယ့်ရဲ့ ကျောင်းက မူရင်းစာရွက်စာတမ်းတွေကို နိုင်ငံတော် အစိုးရက လက်ခံတဲ့ ရုံးတွေကတဆင့် English လို ပြန်ဆိုခြင်းသာဖြစ်သည်။

ကိုယ်ရဲ့ ကျောင်းက စာရွက်စာတမ်းတွေက English လိုတိုက်ရိုက်မဖြစ်တဲ့အတွက် English လို ပြန်ဆိုပေးတာဖြစ်ပီး

နိုင်ငံခြားကတက္ကသိုလ်အားလုံးသည်လည်း စာရွက်စာတမ်းတွေကို ( Notary ) ပြန်ခိုက်တာဖြစ်ပါသည်။ အကြောင်းမှာ ကိုယ်ရဲ့ ဇာတိဘာသာစကားကို တခြားနိုင်ငံက နားမလည်တဲ့အတွက် နားလည်အောင် English လိုပြန်ခိုက်တာဖြစ်ပါသည်။ သို့‌သော် ကိုယ်ကိုတိုင် ဘာသာပြန်လို့ မရဘဲ အစိုးရက အသိမှတ်ပြုတဲ့ ရုံးတွေမှာသာ

ကိုယ်ရဲ့ မူရင်းစာရွက်စာတမ်းကို ပြကာ ဘာသာပြန်ခိုက်ရမှာ ဖြစ်ပါသည်။ ဝန်ဆောင်ခအနေနဲ့ ပုံမှန်အားဖြင့် စာရွက်တခုကို ၅၀၀၀ ကျပ်သာကုန်ကျရမှာ ဖြစ်ပါသည်။

အပေါ်က ဖော်ပြထားတဲ့ အချက်အလက်တွေကို တခုမကျန်မလိုက်လျှော့ရင် နိုင်ငံခြားက ကျောင်းလျှောက်ဖို့အတွက် ပြင်ဆင်နေတဲ့အချိန် အများကြီး အကျိုးပြုမည်ဖြစ်သလို၊ အများကြီးလည်း အကျိုးဝင်မယ်လို့ ယုံကြည့်ရင်း ဒီ Articleကို အဆုံးသတ်လိုက်ပါသည်။

Good Luck With Your Preparation.

For more Information, Please visit their Official Link Below;

Not applicable

All Rights Reserved.

©2025 Education Myanmar